ဟားခါး မတ် ၁၇
ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာ လဲ့စ်လီဗန်ဘိခ့် ဦးဆောင်၍ ပူးပေါင်း ကော်မတီအဖွဲ့တို့သည် ယနေ့နံနက် ၁၀ နာရီ အချိန်က ဟားခါးမြို့၊ ကျောဘုတ် ရပ်ကွက်ရှိ စားသောက်ကုန် အရောင်းဆိုင်များသို့ ရောက်ရှိပြီး အစား အသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန က စားသုံးရန်မသင့်ဟု သတ်မှတ် ထားသော လူသုံးကုန်ပစ္စည်းများနှင့် သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချမှု မရှိစေရေး ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြပြီး စားသောက်ကုန် အရောင်းဆိုင်များတွင် ရောင်းချ လျက် ရှိသော စစ်ဆေးတွေ့ရှိသည့် သက်တမ်းလွန် စားသောက်ကုန်များနှင့် စားသောက်ရန် မသင့်သော စားသောက်ကုန်များကို သိမ်းဆည်း ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ပူးပေါင်းကော်မတီအဖွဲ့တွင် ပါဝင်သည့် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ မြို့နယ်စည်ပင်၊ မြို့နယ် စားသုံးသူရေးရာ၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တို့သည် ဟားခါးမြို့ အတွင်းရှိ စားသောက်ကုန် အရောင်း ဆိုင်များမှ သိမ်းဆည်းရမိသည့် သက်တမ်းလွန် စားသောက်ကုန်များကို ခွင့်မပြု ဓာတု ကြာရှည် ခံဆေးများ (Formalin) ပါဝင်မှု ရှိ/မရှိ ကို (Mobile Lab Van) အသုံးပြု စစ်ဆေး ပြီး ကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အတူ မီးရှို့ဖျက်ဆီးသွားမည် ဖြစ်ကြောင်း သိရ သည်။
ကျော်စွာ(ပြန်/ဆက်)