ကျောင်းကုန်း၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော နေအိမ်(၁၅)အတွက် စာနပ်ရိက္ခာထောက်ပံ့ပေးအပ်

ကျောင်းကုန်း   စက်တင်ဘာ   ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ဒိုးတန်းအုပ်စု၊ ဖျံတွင်းကျေးရွာရှိ ..က(ဖျံတွင်း) ကျောင်းအမိုးနှင့် ကျောင်းဝန်းအတွင်း ဝန်ထမ်းအိမ်ယာတို့အပေါ်ရှိ သစ်ကိုင်းများအား ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က မြို့နယ်မှပူးပေါင်းအဖွဲ့များက ဖယ်ရှားရှင်းလင်း ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ လေဘေးသင့်ရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ အတွင်းရေးမှူးရဲမှူးဝင်းရွှေ၊ အဖွဲ့ဝင်() ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်() ဦးတင်မောင်တို့ ကြီးကြပ်ကာ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက သစ်ပင်သစ်ကိုင်းများနှင့် ပြိုကျပျက်စီးမှုများအားဝိုင်း ဝန်း၍ဖယ်ရှားရှင်းလင်းပေးခဲ့ကြသည်။

ထို့နောက် ဒိုးတန်းအုပ်စု၊ ဖျံတွင်းကျေးရွာနှင့် ပိန်းချောင်ကျေးရွာတို့မှ အမိုးလန်ပျက်စီးသွားသော နေအိမ်(၁၅)လုံးမှ အိမ်ထောင်စု(၁၅)ဦးအား ဆန်()ပြည်၊ ဆီ(၅၀)သား၊ ပဲ(၅၀)သားနှင့် ဆား() ပိဿာစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)