မချမ်းဘော့ စက်တင်ဘာ ၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရန် Hand Speaker ဖြင့် အသိပညာပေး နိူးဆော်ခြင်းများကို ယနေ့ နံနက်(၇)နာရီတွင် ဂူဘားလမ်းဆုံနှင့် မချမ်းဘော့မြို့စည်ပင်သာယာဈေးတွင် မြန်မာ၊ ကချင်၊ ရဝမ်၊ လီဆူ၊ ရှမ်းဘာသာစကားဖြင့် အသိပေးနိူးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နိူးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မချမ်းဘော့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်ရေးတို့အတွက် မိမိတို့နေအိမ်အတွင်း၌ သာနေထိုင်ကြရန်၊ မလိုအပ်ပဲ အိမ်အပြင်မထွက်ကြရန်၊ မဖြစ်မနေအပြင်ထွက်ရပါ ပါးစပ်နှာခေါင်းစည်း( Mask)ကို စနစ်တကျ တပ်ဆင်ကြရန်၊ ပြင်ပမှလာသောဧည့်သည်များ လက်မခံရန်နှင့် မိမိတို့ကလည်း အခြား သူများထံ သွားရောက်ခြင်း မပြုကြရန်၊ အခြားသူများနှင့် အနည်းဆုံး(၆)ပေအကွာမှ ခပ်ခွာခွာနေရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ ဈေးဝယ်ခြင်းများ ရှောင်ကျဉ်ရန်၊ အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စနစ်တကျ ဆေးကြောရန်၊ လက်ဆေးခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းစည်းနှင့် မျက်စိတို့ကို ပွတ်တိုက် ကိုင်တွယ်ခြင်း မပြုလုပ်ကြရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ရန်၊ လူစုလူဝေးရှိသည့် နေရာများသို့ မလိုအပ်ပဲမသွားကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို တိကျစွာ လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာ၊ ဂျိမ်းဖော၊ ရ၀မ်၊ လီဆူ၊ ရှမ်းဘာသာစကားဖြင့် အသိပေးနိူးဆော်ခဲ့ကြောင်းသိရသည်။
အဆိုပါ နိူးဆော်ခြင်းလုပ်ငန်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် မချမ်းဘော့ မြို့စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)