ထားဝယ် စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူး ရုံးမှဝန်ထမ်းများ က ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက် ၊ အခြေခံ ပညာမူလတန်းလွန်ကျောင်း၌စက်တင်ဘာ ၁၈ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် ဝန်ထမ်း များ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ က အိမ်ရှေ့ပြင်ရပ်ကွက်ရှိလူမှုရေး အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ရပ်ကွက်နေ ပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြား(၃)က၂၉၆ ခု ၊ ၆(က)၁၁၁ ခု၊ လဲလှယ် ၇၂ ခု ၊ မိတ္တူ ၅၂ ခု နှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(ဃ)ဖြင့်အိမ်ထောင်စု(၆)ခု ၊ ပုံစံ(ဂ)ဖြင့်အိမ်ထောင်စု(၂၃)ခု၊အိမ်ထောင်စုလူဦးရေစာရင်း (၃၀)ခု၊အိမ်ထောင်စု လူဦးရေ စာရင်း(မိတ္တူ)(၂၅)ခု ကိုဆောင်ရွက်ပေးခဲ့သည်။
ထားဝယ်မြို့တွင်ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုး ထုတ်ပေး ရေးလုပ်ငန်း များကို (၃.၅.၂၀၂၁) ရက်နေ့မှ(၃.၁၁.၂၀၂၂)ရက်နေ့အထိဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်(ထားဝယ်)