ပုလောမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

ပုလော စက်တင်ဘာ ၂၄

 

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီး ဌာန၊ ပုလောမြို့ နယ်ဦးစီးမှုးရုံးက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုများကို ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်ကမ်း ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်‌နေ့ နံနက်ပိုင်းက အမှတ် (၄)ရပ်ကွက် အုပ်ချုပ်ရမှူးရုံးသို့ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

   

အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးမှုတွင် ပုလောမြို့ အမှတ် (၄)ရပ်ကွက်ရှိ အသက် (၁၀)နှစ် ပြည့် နိုင် ၃(က) ကျား(၂)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်၆(က) ကျား(၁၀)ဦး၊ မ (၅) ဦး၊ ပေါင်း (၁၅)ဦး၊ နိုင်ငံသားစီစစ်ရေးကတ် လဲလှယ် ကျား (၁၂) ဦး၊ မ (၁၂)ဦး၊ ပေါင်း (၂၄)ဦး၊ မိတ္တူ ကျား (၅)ဦး၊ မ (၁၃)ဦး၊ ပေါင်း (၁၈)ဦးနှင့် အိမ်ထောင်စု လူဦးရေ စာရင်း (၂၉)စုတို့အား ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်းနှင့် ပုလောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာန၊ ပုလောမြို့နယ်ဦးစီးမှုးရုံး ဝန်ထမ်းများ အနေဖြင့် ပုလောမြို့နယ်အတွင်း‌ရှိ အသက် (၁၀)ပြည့်ပြီး မိသားစုဝင်များနှင့် အသက် (၁၈)နှစ် ပြည့်ပြီးသူများ၊ အကြောင်းကြောင်းကြောင့် နိုင်ငံသား ကတ်ပြား ပျောက်ဆုံးပျက်စီးသူများ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ရန် ကျန်ရှိနေသူများ၊ နိုင်ငံတစ်ဝှမ်း အသက် ၁၈ နှစ်အထက် နိုင်ငံသား စိစစ်ရေးကတ် မရှိသေးသော ပြည်သူများကို ပန်းခင်း စီမံချက်ဖြင့် (၁၈)လကြာ အချိန်ယူကာ ကျေးရွာများ အရောက် ကွင်းဆင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပုလောမြို့နယ် ဦးစီးမှူးရုံးက သိရသည်။

 

အေးအေးမော်(ပုလော)