ကြို့ပင်ကောက် စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ အကြီးအကဲ များက ယနေ့ မွန်းလွဲပိုင်းက ကြို့ပင်ကောက်မြို့ရှိ ပရိယတ္တိစာသင် တိုက်များသို့ ဆွမ်းဆန်နှင့် စားသုံးကုန်ပစ္စည်းများသွားရောက်လှူဒါန်းခဲ့သည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအေးလူ နှင့်အဖွဲ့ဝင်များက ဗောဓိရပ်သာကျောင်းတိုက်နှင့် တိုက်ကျောင်းပါဠိတက္ကသိုလ်ကျောင်းတိုက်တို့တွင် ဝါဆိုဝါကပ်သီတင်းသုံးတော်မူကြကုန်သော ရဟန်း၊ သာမဏေနှင့် သီလရှင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆက်ကပ်လှူဒါန်းသော ဆွမ်းဆန်၊ ဆီ၊ ကုလားပဲနှင့် ဆားတို့ကို ဗောဓိရိပ်သာကျောင်းတိုက် ဆရာတော်ကြီးနှင့် တိုက်ကျောင်းပါဠိတက္ကသိုလ်ကျောင်းတိုက် မဟနဆရာတော်တို့ထံ ဆက်ကပ်လှူဒါန်းခဲ့သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြို့ပင်ကောက်တစ်မြို့နယ်လုံးတွင်ရှိသော ဘုန်းတော်ကြီးကျောင်း ၂၆၁ ကျောင်းတွင် ဝါဆိုဝါကပ်တော်မူကြကုန်သော ရဟန်း၊ သာမဏေနှင့် သီလရှင် (၈၈၁) ပါတို့အတွက် ဆွမ်းဆန် (၁၇၆ ဒသမ ၂)အိပ်၊ ဆီ (၄၄၀ ဒသမ ၅ ) ပိဿာ၊ စား (၄၄၀ ဒသမ ၅) ပိဿာ၊ ပဲ (၄၄၀ ဒသမ ၅) ပိဿာ၊ စုစုပေါင်းငွေ ကျပ် ၁၀,၁၆၈,၉၅၀/- တို့ကို ပေးပို့လှူဒါန်းခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇင်မင်းဌေးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ကျောင်းတိုက်အသီးသီး သို့ သွားရောက်လှူဒါန်းသွားမည ်ဖြစ်ကြောင်းသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)