ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးနေမှုအား ကြည့်ရှုအားပေး

မင်းလှ စက်တင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများသည်  မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံး၌ "ပန်းခင်းစီမံချက်" ဖြင့်ပြည်သူများအား  နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးနေမှုအား ယမန်နေ့ ညနေ ပိုင်းက ကြည့်ရှု့အားပေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးလူ‌အေး၊ ခရိုင်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးဦးလှမျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များသည် ပြည်သူများအား   နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးနေမှုအား ကြည့်ရှု့အားပေးခဲ့ကြောင်း၊ မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်က မြို့နယ် အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာ ပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေရသော လုပ်ငန်းများအား သတ်မှတ်စီမံချက်ကာလအ တွင်းအချိန်မီပြီးစီးရေးကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မင်းလှမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး လုပ်ငန်းနှင့် အောက်ဆီဂျင် စက်တပ်ဆင်နေခြင်းအခြေအနေများကို ကြည့်ရှု့အား‌ပေးခဲ၍ အောက်ဆီဂျင်လိုအပ်သည့် ကိုဗစ်လူနာများအတွက် အောက်ဆီဂျင်အိုးများ အမြန်ဆုံးဖြန့်ဝေ ပေးနိုင်ရေးနှင့် လိုအပ်သည်များမှာ ကြားခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ