မုံးကိုး ဩဂုတ် ၁၆
မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာပေ ချစ်မြတ်နိုးသူအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့ နေ့လယ်(၁)နာရီက စာရေးဆရာ လယ်တွင်းသား စောချစ်၏ “ပန်းလိုချင်အပင်ကိုပျိုးတက်မှ” စာအုပ်ဖြင့် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်း ကျင်းပသည်။
ရှေးဦးစွာ “ပန်းလိုချင်အပင်ကိုပျိုးတက်မှ”စာအုပ်သည် ကလေးပြုစုပျိုးထောင်ရာတွင် မိဘများ လိုက်နာ ကျင့်သုံးရမည့် အချက်များကို စာရေးဆရာက အသေးစိတ်ပညာပေးရေးသားထားပြီး မိဘတိုင်း လိုက်နာဆောင်ရွက်သင့်ကြောင်း၊ ယနေ့ခေတ် လူငယ်များ၏ အားထုတ်မှုများနှင့် ပတ်သက်၍ အကျိုးအကြောင်း၊ အဆိုးအကောင်းတို့ကို ကိုယ်တွေ့ လေ့လာရေးသားထားခြင်း ကြောင့် မဖြစ်မနေဖတ်သင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း၊ လူငယ်ဘဝ၏ ကောင်းကျိုး အဖြာဖြာရယူနိုင်ရန်နှင့် ကျင့်သုံးရမည့်နည်းလမ်းတို့ကို ဤစာအုပ်အား ဖတ်ကြည့် ခြင်းဖြင့် မလွဲမသွေလိုက်နာ ကျင့်သုံရမည်ဖြစ်ကြောင်း” မုံးကိုးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြို့ဦးစီးမှူးဦးသန်းဇော်ဦးက ဆွေးနွေးသည်။
ဆက်လက်ပြီး စာအုပ်ထဲမှ”မိဘဆရာရိုသေပါ”ခေါင်စဉ်ဖြင့် ဦးဇင်းဝင်းမြင့်က ပြန်လည် ဦးဆောင် ဆွေးနွေးပြီး တက်ရောက် လာကြသည့် စာအုပ်၊ စာပေချစ်မြတ်နိုးသူအသင်းသားတို့က ဦးဇင်းဝင်းမြင့် ဆွေးနွေးချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန့်ဇော်ဦး(ပြန်ဆက်)