ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ ပေါက်ခေါင်းမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းပြုလုပ်ပေးနေမှုအား ကြည့်ရှုအားပေး

ပေါက်ခေါင်း စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ ပြည်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးဦးအောင်ဇော်မိုး၊ ပေါက်ခေါင်းမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပေါက်ခေါင်းမြို့နယ် ရပ်သစ်ကျေးရွာအုပ်စု၊ ရပ်သစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျေးရွာ ပြည်သူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ "ပန်းခင်းစီမံချက်" ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးနေမှုအား သွားရောက် ကြည့်ရှု့အားပေးခဲ့ရာ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးမြင့်စိုးက မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကဒ်ပြားများ ကွင်းဆင်းပြုလုပ် ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ယနေ့ ရပ်သစ်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် ကျေးရွာပြည်သူ(၁၀၂)ဦးအတွက် နိုင်ငံသားစိစစ်ကဒ်ပြားများ ကိုကျေးရွာအရောက် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် ပေါက်ခေါင်းမြို့ဆေးရုံဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက် ရုံတည်ဆောက်ရေးလုပ်ငန်းနှင့်မြို့နယ်တိုင်ရင်း ဆေးကုဌာနရုံး အဆောက်အဦအသစ် တည်ဆောက်ပြီးစီးမှုအခြေအနေများကို လိုက်လံ ကြည့်ရှု့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်-ပြန်/ဆက်