တီးတိန် စက်တင်ဘာ ၂၃
ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမရှိစေရန် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်းပြီး မြို့ကမ်းဟောက်လမ်းမအတိုင်း အသံချဲ့စက်ဖြင့် နှိုးဆော်ခဲ့ကြောင်းသိရသည်။
အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ရာ၌ မိဘပြည်သူများ အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကိုစနစ်တကျ တပ်ဆင်ထားပါ၊ လူအများနှင့်ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ (Face Shield) ကိုတွဲဖက်တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွါခွါနေထိုင်ပါ၊ အချင်းချင်းအသိပေး/ သတိပေးပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် (၂၀) ကြာအောင် စနစ်တကျဆေးပါ၊ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှရှောင်ကြဉ်ပါ၊ မိမိတို့နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင်လုပ်ကြပါ၊ အပြင်ထွက်ရာမှပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ပါ၊ အပြင်ကပြန်လာပြီး တိုင်းအဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ ကြပါနှင့်၊ အကယ်၍မိမိတို့၌ ရောဂါပိုးကူး စက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှုခံယူကြပါရန်၊ ကာကွယ်ဆေးထိုးနှံခြင်းကို မပျက်မကွက် အကြိမ်ပြည့်ခံယူရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင် ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါ စသည့်သတိထားလိုက်နာရမည့် အချက်များကို ပြည်သူအများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် နှိုးဆော်ကြောင်းသိရသည်။
ဒိုင်းဒိမ့်(ပြန်/ဆက်)