မိုးညိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော နေအိမ်များမှ အိမ်ထောင်စု များအား ကျေးရွာအရောက် သွားရောက်ထောက်ပံ့

မိုးညို ဩဂုတ် ၁၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူး ရုံးမှ ဝန်ထမ်းများက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွာသာယာအုပ်စု၊ ယောက်ချောင်း ကျေးရွာနှင့် အင်းပွားကြီးကျေးရွာတို့တွင် ဩဂုတ်လ(၁၄)ရက်နေ့၌ ဖြစ်ပွားခဲ့သော  လေဘေးသင့် အိမ်ထောင်စုများအား ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက ကျေးရွာအရောက် သွားရောက် ထောက်ပံ့ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ယောက်ချောင်းကျေးရွာနှင့် အင်းပွားကြီးကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၁)လုံးနှင့် အမိုးလန် နေအိမ်(၄)လုံးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၂၀၀၀၀)ကျပ်၊ ပြိုလဲနေအိမ်မှ အိမ်ထောင်စုတစ်စုရှိ လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၆၃၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၂၆၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး တစ်အိမ်ထောင်စာအား မိုးညိုမြို့နယ် တိုင်းဒေသကြီး (၂)လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ် ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူလက်ဝယ် အရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ကိုမင်း(မိုးညို)