လှိုင်းဘွဲမြို့နယ်တွင် Grade-4 သင်ရိုးသစ်(နောက်ဆက်တွဲ)သင်တန်း တက်ရောက်နေသော ဆရာ/မများအား Myanmar Fitness Dance လှုပ်ရှားမှုများ လေ့ကျင့်သင်ကြား

လှိုင်းဘွဲ ဩဂုတ် ၁၆

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဖွင့်လှစ်လျက် ရှိသည့် Grade-4 သင်ရိုးသစ် မြို့နယ်အဆင့်(နောက်ဆက်တွဲ)သင်တန်းမှ သင်တန်းသား/သူ၊ ဆရာ/မ များအား Exercise is Medicine (EIM) အစီအစဉ်အရ Myanmar Fitness Dance (MFD) လှုပ်ရှားမှုများ လေ့ကျင့်သင်ကြားခြင်းကို ယနေ့နံနက်ပိုင်းက အထကကျောင်း ဘောလုံးကွင်း အတွင်း၌ စတင်ဆောင်ရွက်ခဲ့သည်။

Exercise is Medicine (EIM) အစီအစဉ်အရ Myanmar Fitness Dance (MFD) လှုပ်ရှားမှုများ လေ့ကျင့် သင်ကြားခြင်းကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ဦးဆောင်၍ ဝန်ထမ်းများက လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)