ဟားခါးမြို့တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအသိပညာပေးနှိုးဆော်ခြင်းနှင့် Test Kit ဖြင့် စစ်ဆေးနိုင်သည့်နေရာ အသိပေးနှိုးဆော်ခြင်းဆောင်ရွက်

ဟားခါး        စက်တင်ဘာ        ၂၃

ဟားခါးမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့် သံသယရှိသူများအနေဖြင့်  Test Kit ဖြင့် ရောဂါပိုးရှိ မရှိ အခမဲ့ စမ်းသပ်စစ်ဆေးနိုင်သည့် နေရာများ အသိပေးနှိုးဆော်ခြင်းကို  အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂၂ရက်နေ့တွင်လည်း မော်တော်ကားဖြင့် မြို့တွင်းလှည့်လည်၍ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 အသိ‌ပေးနှိုးဆော်ချက်တွင် ဟားခါးမြို့နယ်သည် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု  များပြားသည့် အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန်လ ၅ စ၍ Stay at Home မြို့နယ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ခဲ့ကြောင်း၊ ယခုအခါမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု များပြားနေဆဲဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ နေထိုင်သွားလာကြပါရန်နှင့် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိသည်ဟု ထင်မြင်ယူဆပါက မိမိတို့နေအိမ်တွင် ဆေးမြီးတိုများဖြင့် ကုသခြင်းမပြုဘဲ ဟားခါးမြို့ရှိ ကိုဗစ်-၁၉ ရောဂါစစ်ဆေးသည့်နေရာများဖြစ်သည့် ပြည်သူ့ဆေးရုံ၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများသို့ Test Kit ဖြင့် စစ်ဆေးမှုခံယူကြပါရန်၊ ကျန်းမာရေး အထူးဂရုစိုက်ရန်တို့ကို အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

မောင်တက်လမ်း