တမူး ဩဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်(၆)လမှ(၅)နှစ်အောက် ကလေးငယ်များကို ဗီတာမင်-အေနှင့် သံချဆေးများတိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၉)နာရီက မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန တာဝန်ခံ ဒေါ်ကျင့်လမ်း ကျိန်နှင့် ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား ဗီတာမင်-အေ နှင့် သန်ချဆေးများ တိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆေးတိုက်ကျွေးရာတွင် အသက်(၆)လမှ(၁)နှစ်အထိ ကလေးငယ်များအား ဗီတာမင်-အေ ( ၁)သိန်း အား အသက်(၁)နှစ်မှ(၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်-အေ (၂)သိန်း အားနှင့် အသက်(၂)နှစ်မှ(၅)နှစ်အထိ ALBENDAZOLE (၄၀၀)မီလီဂရမ် သံချဆေး(၁) လုံးတို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တိုက်ကျွေးခြင်း ဖြစ်ကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ခံ ဒေါ်ကျင့်လမ်းကျိန် ထံမှသိရှိရသည်။
တမူးမြို့နယ်တွင် အဆိုပါဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ များတွင် သြဂုတ်လ ဒုတိယပတ်မှ သြဂုတ်လ(၂၀)ရက်နေ့အထိ အသက်(၆)လမှ (၅)နှစ် အထိ ဗီတာမင်-အေ ဆေးတိုက်ကျွေးမည့် ကလေးငယ်(၆၃၂၈)ဦးနှင့် အသက်(၂) နှစ်မှ (၅)နှစ် အထိ သံချဆေးတိုက်ကျွေးမည့် ကလေးငယ်(၂၄၇၃) ဦးတိုက်ကျွေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)