ရေစကြို သြဂုတ် ၁၆
ရေစကြိုမြို့နယ်တွင် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေး ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
အစည်းအဝေးတွင်မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်အောင်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရေစကြိုမြို့နယ် အနေဖြင့်ရွေးချယ်ခံ ပါတီ ၇ ပါတီပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ ကျင်းပပြု လုပ်မည်ဖြစ်သဖြင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အငြင်းပွားမှု/ ပြသနာတစ်စုံတစ်ရာပေါ်ပေါက်ပါက အချိန်မီ ဖြေရှင်းဆောင်ရွက် နိုင်ရေး ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းရန် လိုအပ်ကြောင်း ဆွေးနွေးရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးကြသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မြတ်စုမွန်က ရေစကြို မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် မဲရုံအရေအတွက်၂၃၅ ရုံရှိပြီး ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ များ၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးအပါအဝင် အဖွဲ့ဝင် ၃၁၀ ဦး လျာထားဆောင်ရွက်ထားကြောင်း ဆွေးနွေးသည်။
အစည်းအဝေးသို့ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မြတ်စုမွန်နှင့် မြို့ နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
နွယ်နွယ်အောင်( ပြန်/ဆက်)