သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသူများ၏ ရင်တွင်းစကားသံများ

သံဖြူဇရပ် စက်တင်ဘာ ၂၂

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စုရပ်(၇)နေရာဖြစ်သော သံဖြူဇရပ်မြို့သစ် အ.ထ.က(၁)၊ ကျိုက္ခမီ(ကဇာတ်ရုံ)၊ ကျုံကဒါတ်အ.ထ.က၊  အနင်းတိုက်နယ်ဆေးရုံ၊    ဝဲခမိတိုက်နယ်ဆေးရုံ၊ ထင်းရှူးတိုက်နယ်ဆေးရုံနှင့် အနင်းတိုက်နယ်ဆေးရုံတို့တွင်      အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်အထိ ပြည်သူများ၊ အသက်(၁၈)နှစ်နှင့် ရဟန်းသံဃာ/ သီလရှင်များ၊ နာတာရှည်ရောဂါရှိပြီး ကူးစက်ရောဂါမရှိသူများ၊ (ဒုတိယအကြိမ်) ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများ၊ မသန်းစွမ်းသူများအား ဆက်လက်ထိုးနှံပေးရာ လူဦးရေစုစုပေါင်း (၁၄၅၉၅)ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင်အညီ ထိုးနှံပေးလျက်ရှိပြီး၊ ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ    ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖ အုပ်ချုပ်ရေးမှူးများ၊   ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် စေတနာဝန်ထမ်းများပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေး  ထိုးနှံပေးနေမှုများနှင့် ပတ်သက်၍ သံဖြူဇရပ်မြို့နယ်၊ အောင်မင်္ဂလာ ရပ်ကွက်-၂တွင် နေထိုင်သည့် ဦးမြင့်ခိုင်၊   ကြံ့ခိုင်ရေးရပ်ကွက်တွင် နေထိုင်သည့် မသွယ်သွယ်စိုး၊ အောင်ဇေယျ ရပ်ကွက်တွင် နေထိုင်သည့်  ဦးကျော်ဝင်းသူနှင့် ကျောင်းပိုင်းရပ်ကွက်တွင် နေထိုင်သည့် ဒေါ်စိုးစိုးစံတို့၏ ရင်တွင်း စကားသံများကိုလည်း ယခုကဲ့သို့သိရသည်။

ဦးမြင့်ခိုင် (အောင်မင်္ဂလာရပ်ကွက် - ၂ )

" ကျွန်တော်နာမည်က ဦးမြင့်ခိုင်ဖြစ်ပါတယ်၊ သံဖြူဇရပ်မြို့နယ် အောင်မင်္ဂလာရပ်ကွက်-၂ မှာနေထိုင်ပါတယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးတဲ့ကျန်းမာရေး ဝန်ကြီးဌာနဝန်ထမ်း တွေ၊ နောက်ထပ်ကာကွယ်ဆေးထိုးဖို့အတွက် စာရင်းဇယားပြုစုပေးတဲ့ထွေအုပ်ဝန်ထမ်းတွေ ၊ အဘက်ဘက်က ဝိုင်းဝန်းကူညီပေးကြတဲ့ ရပ်မိရပ်ဖကျေးရွာ အုပ်ချုပ်ရေးမှူးများကို ကျေးဇူးတင်ရှိပါတယ်၊ ကျွန်တော်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စိတ်ချယုံကြည်စွာနဲ့ လာရောက် ထိုးနှံခြင်းဖြစ်ပါတယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံထားတဲ့အတွက် ကိုယ့်မိသားစု၊ ရပ်ကွက်ပတ်ဝန်းကျင်မှာ ကူးစက်မှုမပျံ့ပွားအောင် ထိုးနှံပေးတဲ့နိုင်ငံတော်အစိုးရကို အထူးကျေးဇူးတင်ပါတယ်၊ ကမ္ဘာပေါ်မှာ လူသေပျောက်နှင့် ရောဂါအဖြစ်များတဲ့ ကပ်ရောဂါ ဖြစ်တဲ့အတွက် လူတိုင်းထိုးနှံစေချင်ပါတယ်၊ တချိုကြတော့လည် မထိုးနှံချင်ဘူး ဒါမျိုးရှိကြတယ်၊   မထိုးကြပဲမနေကြပါနဲ့ ကိုယ့်ကိုယ်ကာကွယ်ဖို့ ကိုယ့်မိသားစုကာကွယ်ဖို့၊ နောက်ထပ် ကူးစက်မှု မပျံ့ပွားအောင် မထိုးရသေးတဲ့သူများလည်း စိတ်ချယုံကြည်စွာ လာရောက်ထိုးနှံပါလို့ ကျွန်တော်က ဒီကနေ့ ပြောကြားလိုပါတယ်"

မသွယ်သွယ်စိုး (ကြံ့ခိုင်ရေးရပ်ကွက်)

"ကျွန်မကတော့ သံဖြူဇရပ်မြို့နယ် ကြံ့ခိုင်ရေးရပ်ကွက်မှာနေထိုင်တဲ့ မသွယ်သွယ်စိုးဖြစ်ပါတယ်၊ ယခုလို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဟာ   အခြားသော နိုင်ငံရော ကျွန်မတို့နိုင်ငံမှာပါ အဖြစ်များတဲ့အတွက် လာရောက်ထိုးနှံခြင်း ဖြစ်ပါတယ်၊ ကျွန်မကိုယ်ကျွန်မလည်းယုံကြည်မှု အပြည့်ရှိရအောင် ကိုဗစ်-၁၉ကာကွယ်ဆေးကို  လာရောက်ထိုးနှံခြင်းဖြစ်ပါတယ်၊  ယခုလိုမျိုးအခမဲ့ ထိုးခွင့်ရတဲ့အတွက်   နိုင်ငံတော်အစိုးရနှင့်   ကျန်းမာရေးဝန်ကြီးဌာနကို  အများကြီးကျေးဇူးတင်ရှိ

ပါတယ်"

ဦးကျော်ဝင်းသူ ( အောင်ဇေယျရပ်ကွက် )

"ကျွန်တော်နာမည်ကတော့ဦးကျော်ဝင်းသူဖြစ်ပါတယ်၊အောင်ဇေယျရပ်ကွက်မှာနေပါတယ်၊ ယခု လက်ရှိ ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီး  ဒီနေ့မှာကျွန်တော်တို့  မနက်၇နာရီမှာကာကွယ် ဆေးထိုးရမယ် စာအုပ်တွေထပ်ရပါတယ်၊  ၈နာရီမှာကာကွယ်ဆေးထိုးနှံတာ     ဆောင်ရွက်ပါတယ်၊ ကျွန်တော်လိုပဲ ကာကွယ်ဆေး လာထိုးတဲ့ မြို့သူ၊မြို့သားအားလုံးကိုတွေ့ရပါတယ်၊       ယခုဒီနေ့လို ကာကွယ်ဆေး ထိုးခွင့်ရတဲ့အတွက်  နိုင်ငံတော်အစိုးရ၊   ကျန်းမာရေးဝန်ကြီးဌာနဝန်ထမ်းတွေ၊ကူညီ ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်း အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်"

ဒေါ်စိုးစိုးစံ ( ကျောင်းပိုင်းရပ်ကွက်)

"ကျွန်မကတော့ဒေါ်စိုးစိုးစံဖြစ်ပါတယ်၊   ကျောင်းပိုင်းရပ်ကွက်မှာနေထိုင်ပါတယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရတဲ့အတွက် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါတယ်၊ ကိုဗစ်-၁၉ရောဂါ ဆေးကိုမထိုးရဘူးဆိုရင်  ဒီရောဂါဖြစ်နေတဲ့အတိုင်းအတာနဲ့ ကိုယ့်ကိုယ်စိတ်ချယုံကြည်လိုတဲ့ အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကိုထိုးရတာ ဖြစ်ပါတယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးလို့ရတဲ့ အတွက် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ကျေးဇူးတင်ထိုက်တဲ့သူတွေ အားလုံးကို ကျေးဇူးတင်ရှိပါတယ်"

တွေ့ဆုံမေးမြန်းသူ-သီတာဝင်း