တန့်ယန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့

တန့်ယန်း  သြဂုတ်  ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ငွေကျပ်(နှစ်)သောင်းအား ထောက်ပံ့ ပေးအပ်ရာ ယမန်နေ့က ကွင်းဆင်းထောက်ပံ့ရေးအဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်နှင့် တာဝန်ရှိ ဌာနဆိုင်ရာများက နမ့်ဟူးလွယ်ကာ ကျေးရွာ အုပ်စုအတွင်းရှိ အိမ်ထောင်စုများအား အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ ပေးအပ် ခဲ့သည်။

နမ့်ဟူးလွယ်ကာကျေးရွာအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ပေါင်း (၄၀)ကို တစ်အိမ်ထောင်လျှင် ငွေကျပ်(နှစ်)သောင်းနှုန်းဖြင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာ ရပ်ကွက် နှင့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ အိမ်တိုင်ရာရောက် လိုက်လံ၍ ထောက်ပံ့ ပေးအပ်ကြ ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)