တန့်ဆည်မြို့၌ ကလေးသူငယ်များအား ဗီတာမင်အေတိုက်ကျွေး

တန့်ဆည်   ဩဂုတ်  ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၌ ကလေးသူငယ်များအား ဗီတာမင်အေ တိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မေတ္တာမြိုင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အသက်(၆)လမှ(၅)နှစ်အထိကလေးငယ်များအား မြို့နယ်ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ကလေးငယ် များအား ဗီတာမင်အေ တိုက်ကျွေးခဲ့ကြပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု များတွင်လည်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများက  ကျေးရွာအရောက် လိုက်လံ တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)