ဇလွန် စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေ သည့်ကာလအတွင်း မြို့နယ်အတွင်းရှိဆရာတော် သံဃာတော်များနှင့်သီလရှင်များအား ဆွမ်း ၊ ကွမ်းအဆင်ပြေစေရန်အတွက် လှူဒါန်းသော ဆွမ်းဆန်တော် ၊ ဆီ ၊ ဆား ၊ ပဲ ကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများ ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအရောက် သွားရောက်လှူဒါန်းခဲ့ကြသည်။
လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းထွန်းလင်းနှင့်တာဝန်ရှိသူများ ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက ဘုန်းတော်ကြီးကျောင်း (၁၃၆ )ကျောင်း ရှိသံဃာတော် ( ၉၇၃ )ပါး ၊ သီလရှင်ကျောင်း( ၃ )ကျောင်းရှိ သီလရှင်( ၆ ) ပါးတို့အားစုစု ပေါင်းတန်ဖိုးငွေကျပ် ( ၇၄၁၅၀၀၀) တန်ဖိုးရှိလှူဖွယ်ဝတ္ထူများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန် (ပြန် / ဆက်)