မြို့သစ် စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးမထိုးနှံရသေးသည့်ပြည် သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၆ ရက်မှစတင်၍ သတ်မှတ်စုရပ်နေရာအသီးသီး၌ ထိုးနှံပေးလျက်ရှိရာ ယခုအခါတွင် လူဦးရေ ( ၅၄၀၀ )ဦးအား ကာကွယ်ဆေး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရ သည်။
မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရာ၌ အသက်(၅၅)နှစ်နှင့်အထက်ရှိ ပြည် သူများ ၊ မသန်စွမ်းသူများ ၊ နာတာရှည်နှင့်မကူးစက်နိုင်သောရောဂါရှိသူများအား ဦးစားပေးအစီအ စဉ်ဖြင့် ထိုးနှံပေးလျက်ရှိပြီး ယခင် ဦးတည်အုပ်စု(၁၂)ခုတွင်ပါဝင်ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ နေသည့် ပြည်သူများကိုလည်း သတ်မှတ်စု ရပ်နေရာများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနအစည်းအဝေခန်းမ ၊ အထက(၁)ရတနာခန်းမ ၊ ဝါးကြီးအိုင်တိုက်နယ်ဆေးရုံ ၊ ဒန့်ဒလွန်ပင် တိုက်နယ် ဆေးရုံနှင့်နင်းကြမ်းတိုက်နယ်ဆေးရုံတို့တွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ကာ ကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျထိုးနှံပေးခြင်းဖြစ်သည်။
မြို့သစ်မြို့နယ်တွင် ဒုတိယအသုတ်(ပထမအကြိမ်)ထိုးနှံပေးသည့် ကိုဗစ်-၁၉ကာကွယ်ဆေး မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် (Sinopharm)အမျိုးအစားဖြစ်ပြီး လူဦးရေ (၅၄၀၀)အား ကာ ကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ဝင်းအိဇွန်