မော်လမြိုင်ကျွန်းမြို့နယ်၌ စေတနာ့ဝန်ထမ်း (Volunteer) များကို သင်တန်းပို့ချခြင်း အမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲကျင်းပ

မော်လမြိုင်ကျွန်း  စက်တင်ဘာ  ၂၂

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန့်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်လူမှု ဝန်းထမ်းဦးစီးဌာနမှ စေတနာဝန်ထမ်း ( Volunteer ) ကို သင်တန်းပို့ချခြင်း အမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီ အချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတွင် ကျင်းပကြောင်းသိရှိရသည်

အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ မြို့နယ်ဦးစီးမှူး ဒေါ်ရတနာမော်က ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် ပတ်သတ်သည့် အခြေခံကျန်းမာရေး အကြောင်းအရာများသိရှိနိုင်စေရန်နှင့် စေတနာ့ဝန်ထမ်းများ၏အခန်းကဏ္ဍ၊ တာဝန်များကိုနားလည်သိရှိ စေရန်ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းစီစဉ်ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း သင်တန်းပို့ချခြင်းတွင် သင်တန်းတက်ရောက်သူများမှ စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးနိုင်ကြပါရန် ပြောကြားသည်။

ဆက်လက်၍ သင်တန်း ဆရာများဖြစ်သော မြို့နယ်ကျန်းမာရေးကြီးကြပ် ()ဦးကျော်နိုင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကောင်းမြတ်၊ မြို့နယ် လူမှု့ဝန်ထမ်း()ဦးတင်မျိုးအေးတို့မှ ကိုဗစ်-၁၉ ရောဂါကြောင့် သီးခြားစောင့်ကြပ်ကြည့်ရှုခံရသည့် နေရာများတွင် ကာလကြာမြင့်စွာ နေထိုင်နေရသည့်အတွက် ဖြစ်ပေါ်လာတတ်သည့်စိတ်၊ လူမှုအခြေအနေများကိုလည်း သိရှိနား လည်ပြီး၊ လူမှုဆက်ဆံရေးစွမ်းရည်ကဲ့သို့သော ကျွမ်းကျင်မှုများရရှိစေရန်၊ စေတနာ့ဝန် ထမ်းများအား တစ်ကိုယ်ရည်သုံးကာကွယ် ရေးဝတ်စုံများဝတ်ဆင်နည်း၊ ပြန်ချွတ်နည်းနှင့် ရောဂါကွယ်ရေး နည်းလမ်းများကို တတ်ကျွမ်းမှုရှိစေရန် စသည့်သင်ခန်းစာများအား အလှည့်ကျ ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ  သင်တန်းသို့ မြို့နယ်အတွင်းရှိ စေတနာဝန်ထမ်း Volunteer(၅၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှစ၍ () ရက်တာကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်သိန်းထံမှ သိရှိရသည်။

သီတာအောင် (ပြန်ဆက်)