ကံမ စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့်အရေးပေါ် လူနာများအတွက် အောက်ဆီဂျင်လုံလောက်စွာရရှိစေရန် အလူရှင်စေတနာရှင်များ၏ လှူဒါန်းထည့်ဝင်ငွေများ ဖြင့် ဝယ်ယူခဲ့သည့် အောက်ဆီဂျင်စက်သည် ယမန်နေ့ညနေ ၇ နာရီအချိန်က ကံမမြို့သို့ရောက်ရှိခဲ့သည်။
အောက်ဆီဂျင်စက်အားစက်အား ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊အောက်ဆီဂျင်စက်ဖြစ်မြောက်ရေးကော်မတီဝင်များ၊မြို့နယ် ဆရာဝန်ကြီးနှင့်အဖွဲ့ကကြည့်ရှု စစ်ဆေးခဲ့ ကြသည်။
အဆိုပါအောက်ဆီဂျင်စက်မှာ တစ်ရက်လျှင် ၄၀ လီတာဆန့်အောက်ဆီဂျင်အိုး (၈၀) ထုတ်လုပ်ပေးနိုင်မည်ဖြစ် ဖြစ်ရာ မြို့နယ်အတွင်းရှိပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်အောက်ဆီဂျင် လိုအပ်မှုကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
ကျော်ဇေယျဝင်း(ကံမ)