ကျိုက်လတ်မြို့နယ်၊ သဗြုဆိပ်ညောင်ချောင်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၄၄ခု အားကွင်းဆင်းဆောင်ရွက်ပေး

ကျိုက်လတ်   စက်တင်ဘာ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနရုံးမှ  မြိုနယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူများနှင့် ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့က သဗြုဆိပ်ညောင်ချောင်းကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရခြင်းနှင့်ပတ်သတ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေက ရှင်းပြောကြားခဲ့ပြီး၊ ကျေးရွာပြည်သူများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်ဦးစီးမှူးဦးထွန်းဆွေနှင့် ဝန်ထမ်းများမှ လွယ်ကူလျင်မြန်စွာဖြင့် ရရှိနိုင်ရေးအတွက် ပြုလုပ်ဆောင်ရွက်ပေး ခဲ့ရာ ၁၀ နှစ်ပြည့်နိုင်ငံသား စိစစ်ရေးကပ်ပြားကျား ()ဦး၊ မ() ဦးပေါင်း ()ဦး၊ ၁၈နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကပ်ပြားကျား ()ဦး၊ မ(၁၅) ဦးပေါင်း(၁၈)ဦး၊ ၁၀နှစ်ပြည့် နှင့်၁၈နှစ်ပြည့်လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကပ်ပြား ကျား(၂၇)ဦးမ(၃၄)ဦးပေါင်း(၆၁)ဦး၊ နှင့်နိုင်ငံသားစိစစ်ရေးကပ်ပြား ပျောက်ဆုံး/ပျက်စီးမိတ္တူထုတ်ပေးမှု ကျား(၃၄) ဦးမ(၂၈) ဦးပေါင်း (၆၂) ဦး၊ စုစုပေါင်းကျား(၆၆)  ဦးမ(၇၈) ဦးပေါင်း (၁၄၄)ဦး ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်

ကျိုက်လတ်(ပြန်/ဆက်)