မောက်မယ် ဩဂုတ် ၁၆
ကိုဗစ်−၁၉ ကူးစက်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံ လူတန်းစား များ စားဝတ်နေရေး အဆင်ပြေစေရေး အတွက် ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်တွင် အခြေခံလူတန်းစား များအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ ပေးသည့် ဒုတိယအကြိမ် ထောက်ပံ့ငွေ များကို မောက်မယ်မြို့ပေါ် ၇ ရပ်ကွက်တွင် ယမန်နေ့ နေ့လယ်ပိုင်းကစတင်၍ အိမ်တိုင်ယာရောက် လိုက်လံ ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဟန်သူရက ဦးဆောင်၍ ထွေ/အုပ် ၀န်ထမ်းများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်တွင် ပုံမှန်၀င်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၉၄)စုအတွက် အိမ်ထောင်စု တစ်စုလျှင်ငွေကျပ် ၂၀၀၀ဝိ/− နှုန်းဖြင့် အိမ်တိုင်ယာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိကျေးရွာအုပ်စု ၈ အုပ်စု အတွင်းရှိ ကျေးရွာများမှ အိမ်ထောင်စု(၁၁၉)စုအား ယနေ့တွင်ဆက်လက်၍ လိုက်လံ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောက်မယ် (ပြန်/ဆက်)