ပုသိမ် စက်တင်ဘာ ၂၂
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု ၊ဘုရားကြီးကုန်းကျေးရွာ ဓမ္မဗိမာန်တန်ဆောင်း၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် အသက်(၅၅)နှစ်နှင့်အထက် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ ရွေမြှင်တင်တိုက်နယ် ကျန်းမာရေးမှူး ပေါက်ကုန်း ကျေးရွာအုပ်စု နယ်မြေတာဝန်ခံ ကျန်းမာရေးဆရာမ ဒေါ်ခင်မိုးနှင်း ဦးဆောင်၍ ပေါက်ကုန်း ကျေးရွာအုပ်စု ကျေးရွာခွဲ ၅ ရွာမှ အသက် ၅၅ နှစ်အထက် လူဦးရေ ၄၀၀ ကို ယနေ့အပြီး ထိုးနှံပေးသွားမည်ဖြစ်ပြီး ဆေးထိုးနှံရာတွင်လည်း ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် ရောဂါစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်ဟန်