နတ်မောက် စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးရွာများသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးလိုက်လံ ထိုးနှံပေးခြင်းကို ယမန်နေနံနက် (၁၀) နာရီအချိန်ခန့်က တွင်းကြီးကျေးရွာနှင့် သစ်ရာကိုင်းကျေးရွာများရှိ ဒေသခံပြည်သူများအား ကိုဗစ်- ၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးလျက်ရှိသည်။
အဆိုပါကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ် - ၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများ၏ ကြီးကြပ်ညွှန်ကြားမှုဖြင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှဆရာမ များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိဝန်ထမ်းများက ဆေးထိုးလာသည့်ဒေသခံပြည်သူများ အားသွေးပေါင်ချိန်ပေးခြင်း၊ စာရင်းဇယားများ မှတ်ပေးခြင်းနှင့် ဆရာမများက ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများထိုးနှံပေးခဲ့ရာ တွင်းကြီးကျေးရွာ ဗောဓိဘုန်းတော်ကြီးကျောင်းတိုက်ဓမ္မရုံစုရပ်တွင် ဒေသခံပြည်သူ (၅၅)ဦးကို လည်းကောင်း၊ သစ်ရာကိုင်းကျေးရွာရပ်မိရပ်ဖအိမ်စုရပ်တွင် ဒေသခံပြည်သူ(၁၀၄ )ဦးတို့ကိုလည်း ကောင်း ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးပြီး ဒေသခံပြည်သူများကလည်း စိတ်ဝင် စားစွာလာရောက်ထိုးနှံကြကြောင်းသိရသည်။
လှဝင်း