ပြည် စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးကြေညာခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးနှိုးဆော်ချက်များတွင် လက်ရှိအခြေအနေတွင် အရေးကြီးဆုံးမှာ အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ သို့မှသာရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ကြောင်းနှင့်၊ မိမိတို့ အိမ်တွင်ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြပါရန်နှင့် ထို့အတူမိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင် ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြ ပါရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ လက်ဆေးရန်၊ လက်ကိုမကြာခဏ ဆေးကြောကြပါရန်၊ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ လေဝင် လေထွက်မကောင်းသော အခန်းများကို ရှောင်ရန်၊ မိမိတို့နေအိမ်များကို ပြတင်း တံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ကြပါရန် စသည့် အချက်များ ပါဝင်ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်