ကျိုင်းလပ် ဩဂုတ် ၁၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ နယ်စပ်ဒေသ ကျိုင်းလပ်မြို့တွင် အခြေခံလူတန်းစား အိမ်ထောင်စု များအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျိုင်းလပ် မြို့ပေါ်နှင့် ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် ထောက်ပံ့ ပေးအပ်ခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော လက်လုပ် လက်စား အိမ်ထောင်စုများအား နိုင်ငံတော်မှ အိမ်ထောင်တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးခြင်းကို ကျိုင်းလပ်မြို့ပေါ်နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ၃ အုပ်စု၌ အခြေခံ လူတန်းစား အိမ်ထောင်စု ၅၇၁ စု အတွက်၊ စုစုပေါင်း ငွေကျပ် ၁၁၄၂၀၀၀၀ ကို နိုင်ငံတော် ကိုယ်စား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများက အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)