မိုင်းယု ဩဂုတ် ၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ နယ်စပ်ဒေသ မိုင်းယုမြို့တွင် မိုးရာသီ ကာလ မိုးရေများတင်ကျန်ပြီး ခြင်များပေါက်ဖွားနိုင့်အတွက် ခြင်များမှတစ်ဆင့် သွေးလွန် တုပ်ကွေး ရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများ ကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မိုင်းယုဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၊ ဝမ်တာကြန့် ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဖြူဖြူဝင်း ဦးဆောင် သည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အမျိုးသမီးရေးရာ အဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့များက မြို့မရပ်ကွက်နှင့် ယင်းရပ်ကွက်အုပ်စုရှိ ဝမ်နားဟွေ့ ကျေးရွာတို့တွင် မိုးရာသီကာလ သွေးလွန်တုပ်ကွေး ရောဂါများ မဖြစ်ပွားစေရေးအတွက် ကျေးလက် ပြည်သူတို့၏ နေအိမ်ရှိ ရေအိုး၊ ရေစည်၊ ကားတာယာ အဟောင်းများ၊ စွန့်ပစ်အိုး၊ ခွက်အပျက် တို့တွင် တင်ကျန်နေသည် ရေများအား သွန်ခိုင်းစေခြင်း၊ ရေကန်၊ ရေအိုများတွင် ပိုးလောက်လမ်းသတ်ဆေး (Abate)ခပ်ခြင်း၊ ခြင်ခိုအောင်းပေါက်ဖွားနိုင်သည့် သစ်ပင် ချုံနွယ်များ ခုတ်ထွင်းရှင်းလင်းစေခြင်း၊ ကျေးလက်ပြည်သူတို့ကို ကျန်းမာရေးပညာပေးခြင်းများ ပြုလုပ်ပေး ခဲ့ကြကြောင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း စဉ်ဆက်မပြတ် ဆောင်ရွက် နေလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)