ချောင်းသာ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးက ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့အုပ်ချုပ််ရေးမှူးရုံး စုပေါင်းခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်ပြီး" ဒီနေ့ဆိုရင် ချောင်းသာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့ပေါ်ရပ်/ကေျး ဝန်ထမ်းများ၊ ချောင်းသာကမ်းခြေ သန့်ရှင်း သာယာလှပရေးကို အဓိက တာဝန်ယူဆောင်ရွက်နေတဲ့ စည်း/ထိန်းသိမ်းရေး နေ့စားလုပ်သားတွေ၊ ဒေသဖွံ့ဖြိုးရေးနဲ့ သန့်ရှင်းသာယာလှပရေးတွေ၊ လုံခြုံရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နေတဲ့ မီးသတ်တပ်ဖွဲ့များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်တွေကို အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နဲ့ သီးနှံတွေကို ထောက်ပံပေးရခြင်းဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေး ကွက်ကဲမှု အောက်မှာရှိတဲ့ ကိုယ့်ဝန်ထမ်းတွေ စားဝတ်နေရေး အဆင်ပြေစေရေးနဲ့ လုပ်ငန်းတွေကိုလည်း အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရေးအတွက် သူတို့ရဲ့လိုအပ်ချက်လေးတွေကို တတ်နိုင်သ လောက် ဖြည့်စည်းပေးခြင်း ဖြစ်ပါတယ်၊ သူတို့မိသားစု စားဝတ်နေရေး အဆင်ပြေတော့ အများ အကျိုးကိုလည်း ကြိုးစားပြီးဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒီရည်ရွယ်ချက်နဲ့ ဆောင်ရွက် ပေးခြင်းဖြစ်ပါတယ်" ဟု မြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောပါသည်။
အဆိုပါ ဆန်နှင့်အခြေခံစားသောက် ကုန်များအား မြို့ထွေ/အုပ်ဝန်ထမ်း (၁၅)ဦး၊ မီးသတ်တပ် ဖွဲ့ဝင်(၈)ဦး၊ ကမ်းခြေသန့်ရှင်းသာယာလှပရေးအဖွဲ့(၉)ဦး၊ စုစုပေါင်း(၃၂)ဦးအား တစ်ဦးလျှင် ဆန် (၃) ပြည်၊ ဆီ(၅၀)သား၊ ကြက်သွန်(၁)ပိဿာ နှင့် သီးနှံများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။