ကျုံပျော်မြို့နယ်အတွင်းရှိ မျိုးစေ့ထုတ်တောင်သူ(၉၄)ဦးထံသို့ ဓာတ်မြေဩဇာများအခမဲ့ ထောက်ပံ့ ပေးအပ်

ကျုံပျော်   စက်တင်ဘာ   ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်‌စေရေးအတွက် မျိုးစေ့ထုတ် တောင်သူများ(၉၄)ဦးထံသို့ ဓာတ်မြေဩဇာများ အခမဲ့ ထောက် ပံ့ပေးအပ်ပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်နှင့် ဝန်ထမ်းများ ၊ စပါးမျိုးသန့်စိုက်တောင်သူများ တက်ရောက်ကြသည်။ ယခု ထောက်ပံ့မှုသည် မျိုးသန့်စပါးစိုက်ပျိုးမှု စနစ်တကျရှိရေး၊ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်း ကောင်းမွန်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ စီစဉ်မှုဖြင့် ဓာတ်မြေဩဇာများ ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် တာဝန်ရှိသူများက မျိုးစေ့ထုတ်တောင်သူ(၉၄)ဦး၏ စိုက်ပျိုးဧက (၃၃၂)ဧကတွင် ကျဲပက်အသုံးပြုနိုင်ရန် ဓာတ်မြေဩဇာများကို တောင်သူများ လက်ဝယ် သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ် ပြန်/ဆက်