ရေဦး၊ စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် တစ်ကြိမ်တစ်ခါမှကာကွယ် ဆေးမထိုးရသေးသူအသက် ၁၈ နှစ်၊ အသက် ၅၅ နှစ်မှအသက် ၆၅ နှစ်အထက် ဒေသခံရဟန်းသံဃာများ၊ သာသနနွယ်၀င်သီ လရှင်များနှင့် ဒေသခံပြည်သူများအား ပထမအကြိမ်ကာကွယ်ဆေးဆက်လက်ထိုးနှံပေး ခြင်းကို စက်တင်ဘာ ၂၁ ရက်နံနက် ၉ နာရီက မြို့နယ်အားကစားခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် နို့တိုက်မိခင်နှင့်ကိုယ်၀န်ဆောင်ရှိသူများမှလွဲ၍ အသက် ၁၈ နှစ်၊ အသက် ၅၅ နှစ်မှ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများအားကာကွယ် ဆေးထိုးနှံ ပေးလျက်ရှိကြောင်း၊ ယမန်နေ့က ဒုတိယ အကြိမ်မြောက် ဆေးထိုးပြီးသူ ၂၁၀ ဦး၊ ပထမအကြိမ်ကာကွယ်ဆေးထိုးပြီးခဲ့သူ ၇၃၀ ဦးကာကွယ်ဆေးထိုးပြီးခဲ့ကြောင်း၊ ယခုလိုကိုဗစ် ကာကွယ်ဆေးထိုးနှံပေးရာတွင်ကျန်းမာရေး ၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားကြောင်း၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း အောင်မြင်စေရေးအတွက်ကျန်းမာရေးဌာန၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်/ဆက်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၀န်ထမ်းများမှကာကွယ်ဆေး ထိုးလာသူများစာရင်းဖြည့်သွင်းခြင်း၊ hand gel ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပြီးမှ ဆေးထိုးရန် နေရာသို့ ၀င်ရောက်စေခြင်း၊ လိုအပ်ပါက သွေးပေါင်ချိန်ပေးခြင်း၊ အောက်ဆီဂျင် တိုင်းတာ ပေးခြင်းနှင့် ဆီးချို သွေးတိုးစစ် ပေးခြင်းများကူညီ ဆောင်ရွက်ပေးခဲ့သည်။
ရေဦးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ကာကွယ်ဆေးနှစ်ကြိမ်ပြည့်ထိုးပြီးသူ ၉၀၀၀ ကျော်၊ ပထမအကြိမ် ၁၀၀၀ ကျော်ရှိသွားခဲ့ပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ထိန်းချုပ်ရေးကော်မတီ၀င် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာ၀န်ရှိသူ တစ်ဦး ကပြောကြားသည်။
မြို့နယ်ပြန်/ဆက်