ခင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေ (၇၀) ခန့် ယာယီရွှေ့ပြောင်း

ခင်ဦး စက်တင်ဘာ ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ရှင်မင်းဒွေကျေးရွာတွင် ယနေ့ နံနက် ၃ နာရီက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေ (၇၀) ခန့် ယာယီရွှေ့ပြောင်းထားကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ထံက သိရသည်။

 

အဆိုပါကျေးရွာ(ကွက်သစ်)တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သက်တော်ရှည်၊ သက်တော်ရ ချောင်းနှင့် သရက်ကန်၊ ပေါက်တောကျေးရွာမှလာသော ရေဆိုးထုတ်ခေါင်းတို့မှ ရေများဝင်ရောက်သဖြင့် အိမ်ခြေ (၇၀) ခန့် ရေများဝင်ရောက်သဖြင့် လူဦးရေ (၁၅၀) ခန့် ရေဘေးလွတ်ရာ ရှင်မင်းဒွေဘုန်းကြီးကျောင်းတိုက်သို့ ခေတ္တယာယီရွှေ့ပြောင်းထားပြီး ကျွဲ၊နွား တိရိစ္ဆာန်များကို မူးဘောင်သို့ ရွှေ့ပြောင်းထားရကြောင်း လူ၊ တိရစ္ဆာန် တို့ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

ရေဝင်ရောက်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီ အသင်း၊ နယ်မြေလုံခြုံရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စစ်သားစုဆောင်းရေး(၄) တို့ပူးပေါင်းပြီး နံနက်စာ ထမင်း ထုပ်များ ပေးဝေနိုင်ရေး စီစဉ်လျက်ရှိကြောင်း စိုက်ဧကထိခိုက်ပျက်စီးမှု စာရင်းများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများနှင့် အတူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)