ထီးလင်းမြို့၌အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ ပင်စင်လစာများ ထုတ်ပေး

 

ထီးလင်း    စက်တင်ဘာ      ၂၁

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲရုံးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ အငြိမ်းစား ဝန်ထမ်းများအား ယနေ့နံနက် ၈ နာရီမှစ၍ ပင်စင်လစာများ စတင် ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

 

ပင်စင်လစာများ ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် တစ်ဦးနှင့်တစ်ဦး သတ်မှတ် အကွာအဝေး နေရာများ၌သာ နေရာချထားပေးခြင်း၊ ငွေထုတ်ကောင်တာများ စနစ်တကျ သတ်မှတ်၍ ပင်စင်လစာများကို ထုတ်ပေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်စေခြင်း၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အလှည့်ကျ ထုတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ထီးလင်းမြို့နယ်တွင် ပင်စင် (အငြိမ်းစား)ဝန်ထမ်းဦးရေ(၂၃၈) ဦး ရှိကြောင်း  ထီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

အောင်စည်(ပြန်/ဆက်)