ကျွန်းလှမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

ကျွန်းလှ စက်တင်ဘာ  ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ အနီးကပ်ကြီးကြပ်ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဝင်းဇော်ဌေးနှင့် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက်ဘိုးဘွားများ၊ သံဃာတော်များ၊ ပြည်သူများ၊ စုစုပေါင်း ၂၉၉၅ ဦးအား ဒုတိယအကြိမ် ထိုးနှံပေးခဲ့ပြီး၊ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများကို ဆက်လက်ထိုးနှံ ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

ကျွန်းလှ