တာလေမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

တာလေ  ဩဂုတ်  ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့ အမှတ် (၁) ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

တာလေမြို့ အုပ်ချုပ်ရေးမှူး ဦးချစ်ကို၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်း များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့ များနှင့် တာဝန်ရှိသူများသည် ခြင်ကိုက်ခြင်းကြောင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် လူနေအိမ်ခြံဝင်းနှင့် လမ်းဘေးဝဲယာရှိ ရေတွင်း၊ ရေကန်၊ ရေတိုင်ကီ များနှင့် ရေများတင်ကျန်နိုင်သော နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်၊ စနစ်ဖြင့် အဘိတ်ဆေးခတ် ပေးခြင်း၊ ခြင်မဝင်အောင်းနိုင်အောင် ဖုံးအုပ်ထားရန်နှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျ ရှင်းလင်း ရန်၊ ခြင်ကိုက်ခြင်းမှ ကာကွယ်နိုင်ရန် အချက်အလက်များ စသည့် သွေးလွန်တုပ်ကွေး ကြိုတင် ကာကွယ်ရေး ရက်ကွက်နေပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ကျန်ရှိ နေသော မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ၌လည်း ရပ်ကွက်/ ကျေးရွာအုပ်စု အလိုက် အဖွဲ့ငယ်များခွဲ၍ ပြည်သူ့အကျိုးပြု ကျန်းမာရေးစောင့်ရှောက်မှု အဘိတ်ဆေးခတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)