မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမကြိမ်ထိုးနှံပြီးစီး

မင်းတုန်း စက်တင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Second  ကို စက်တင်ဘာ ၁၇ ရက်နေ့မှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာန ၇ ခုတွင် ပထမအကြိမ် ထိုးနှံပေးရာ စက်တင်ဘာ ၂၀ ရက်နေ့တွင် ရရှိသော ဆေးခွဲတမ်း(၉၇၂)လုံးကို လူဦးရေ (၄,၈၆၀)ဦးအား ပထမအကြိမ်ထိုးနှံပြီးဖြစ်သည်။

မင်းတုန်းမြို့နယ်တွင် Covid Shield(၆၁၄)ဦး နှင့် Sinopharm First Phase ကို  (၆၂၅)ဦးထိုးနှံပေးပြီး ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm Second Phase ဒုတိယအကြိမ်ကို စက်တင်ဘာလ ၂၂ ရက်နေ့မှ စတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်