ဝေါလေမြိုင် စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ရှိ ဒေသခံပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့နံပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ပြသဆောင် ရွက်သည်။
အဆိုပါ နံရံကပ်စာစောင်များတွင် ကိုဗစ်-၁၉ရောဂါ လက္ခဏာများ၊ စနစ်တကျလက်ဆေးခြင်း၊ ရောဂါကူးစက်မှု မခံရအောင် ဆောင်ရန် ရှောင်ရန်များကို လည်းကောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့်ပတ်သက်၍ ရှောင်ရှားရမည့် အချက်များ၊ မူးယစ် ဆေးဝါး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပြစ်မှုပြစ်ဒါဏ်များ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ တိုင်ကြားနိုင်သည့် ဖုန်းနံပတ်များ စသည်တို့ ပါဝင်ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ် အဖြစ် ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)