သရက်ချောင်း စက်တင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်း မြို့နယ်၌ စက်တင်ဘာ ၂၀ ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ အတည်ပြု လူနာပေါင်း (၆၁၈)ဦး ရှိပြီး ရောဂါသက်သာ ပျောက်ကင်း၍ နေအိမ်သို့ ပြန်ခွင့်ရသူ စုစုပေါင်း (၅၅၁)ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ဖျားခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ အနံ့အရသာ ပျောက်ခြင်းနှင့် လည်ချောင်း နာခြင်း စသည့်လက္ခဏာများကြောင့် လာရောက်ပြသသည့် ပြင်ပမှ လူနာများအား (တနင်္လာ၊ဗုဒ္ဓဟူး နှင့်သောကြာနေ့) များတွင် တာဝန်ခံဆရာဝန် ဒေါက်တာဝင်းဇော်ဦး၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT(Test-Kit)ဖြင့် အပတ် စဉ်စစ်ဆေး ပေးလျက် ရှိ ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာများအား မြို့နယ်အားကစား ခန်းမနှင့် ပြည်သူ့ ဆေးရုံနေ ရာများတွင် ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိ ကြောင်း၊ ဆေးဝါးကုသမှု ခံယူနေစဉ် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူများအား ဆေးရုံဆင်းခွင့်ပြုခဲ့သူများအား မိမိနေအိမ်တွင်လည်း Home Quarantine (၇)ရက်တိတိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ သီးခြား နေထိုင်ကြရန် သတိပေးမှာ ကြားခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
သရက်ချောင်း မြို့နယ်တွင် စက်တင်ဘာ(၂၀)ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြု လူနာ ( ၆၁၈)ဦး၊ ဆေးဝါးကုသမှုခံယူနေသူ (၃၅)ဦး၊ သေဆုံးသူ(၂၉)ဦး၊ ကျန်းမာရေး ပြန်လည် ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၅၅၁)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကော် မတီထံမှသိရသည်။
သရက်ချောင်း ( ပြန်/ဆက် )