မြဝတီ စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ယနေ့ နံနက် (၆)နာရီ အချိန်မှ စတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာများထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေးအတွက် အလှည့်ကျ ထုတ်ပေးခဲ့သည်။
ထို့သို့ ထုတ်ပေးရာ၌ စက်တင်ဘာလ (၂၁)ရက်နေ့ နံနက်(၁၁)နာရီအထိ မြဝတီမြို့ မြန်မာ့စီးပွားရေး ဘဏ်တွင် အငြိမ်းစားဝန်ထမ်း (၅၀၀)ဦးခန့်က ပင်စင်လစာများ လာရောက်ထုတ်ယူခဲ့ပြီးဖြစ်သည်။
ထို့ပြင် မြဝတီမြို့၌ ပင်စင်လစာမထုတ်ရသေးသည့် အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာ များကိုလည်း ယနေ့ စက်တင်ဘာလ၂၁ရက်နေ့မှ ၃၀ ရက်နေ့အထိ ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)