ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ပေါ် ရပ်ကွက်များအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်း များအား အသိပေးနှိုးဆော်ပေး

သရက်ချောင်း စက်တင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ် - ၁၉  ရောဂါကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏  လမ်းညွှန် ချက်များအရ ယနေ့ နံနက် ၁၁ နာရီ အချိန် က မြို့ပေါ် ရပ်ကွက် ရှိလူစည်ကားရာ လမ်းဆုံနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများအား အသံချဲ့စက်ဖြင့် အသိ ပေးနှိုးဆော်ပေးခြင်းအား  အရှိန်အဟုန်မပျက်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ  အသိပညာပေးနှိုးဆော်မှုဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန ၊မီးသတ် ဦးစီးဌာန ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍   မီးသတ်ရေယာဉ်ဖြင့် လှည့်လည်ကာ မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားရာ လမ်းဆုံနေရာများ တွင် လိုက်လံနှိုးဆော်ရာ၌ နေအိမ် အတွင်း၌သာနေထိုင်ရန် အိမ်တွင်ဧည့်သည် လက်ခံ ခြင်း လုံးဝမပြုရန်နှင့်မိမိကိုယ်တိုင်လည်းဧည့်သည် အဖြစ်သွားရောက် ခြင်းလုံးဝမပြု ရန်၊နေအိမ် ပြင်ပသို့ မဖြစ်မနေ ထွက်ခွါပါက (Mask)နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်၊သက်ကြီး ရွယ်အိုနှင့် နာတာရှည်ရောဂါ ဝေဒနာရှင် များရှိရာနေအိမ်များသို့ ဝင်ထွက်သွားလာခြင်း ဂရုပြု ရန်၊ လေဝင်လေထွက်မကောင်း သောအခန်းများသို့ သွားရောက် ခြင်းမှ ရှောင်ကျဉ် ရန်၊တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ကြရန်၊လူစုလူဝေးရှောင် ရှားကြရန်၊ လက်ကို  ဆပ်ပြာ နှင့် စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောရန်၊(Mask)နှာခေါင်းစည်း မတပ် ဆင်ထားသော ဈေးရောင်းချသူ များထံမှ ဈေးမဝယ်ကြရန်၊စားသောက်ဆိုင်များ၊ လက်ဖက် ရည်ဆိုင်များမှ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ အသုံးပြု ပြီးသော (Mask)နှင့်တစ်ခါသုံး ပစ္စည်းများကို နေအိမ်ပြင်ပတွင်  စနစ်တကျစွန့်ပစ်ရန်၊ အဝတ်အစား မလဲမီကိုယ် လက်သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီးကပ် ရှောင်ကျဉ်ရန်၊ရောဂါပိုးကူးစက်ခံ ရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍မပျက်မကွက် ဆေးကုသမှု ခံယူကြရန်စသည်တို့ကို အသိပေးနှိုးဆော် တိုက်တွန်းကြောင်း သိရသည်။

 

သရက်ချောင်း(ပြန်/ဆက်)