ကရသူရိ စက်တင်ဘာ ၂၁
တနင်္သာရီတိုင်းဒေကြီး၊ဘုတ်ပြင်းမြို့နယ်၊ကရသူရိမြို့၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သည့် အသက်(၉၁)နှစ်အရွယ် အဘိုး ဦးကြူလှိုင်သည် ပြီးခဲ့သည့် ဩဂုတ်လ ၂၆ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရပြီး Quarantine Centre နှင့် Home Quarantine အဖြစ် ရက်ပေါင်း (၂၁)ရက်ကြာနေထိုင် ခဲ့ပြီးမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာမှုနှင့် ပတ်သက်၍ ရင်တွင်း စကားသံကို ယခုလိုဘဲရေးသား ဖော်ပြပေးလိုက်ရပါတယ်။
ဦးကြူလှိုင်(အမှတ်-၂ရပ်ကွက်၊ ကရသူရိမြို့)“အဘိုးနာမည်က ဦးကြူလှိုင်လို့ခေါ်ပါတယ်။ အမှတ်(၂)ရပ်ကွက်မှာနေထိုင်ပြီး အသက်က(၉၁)နှစ် ရှိပြီပေါ့။ အဘိုးက အရင်တုန်းက ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်ပြီး စာစောင် တွေ၊ tv တွေကထုတ်လွှင့်မှု တွေကို အမြဲလေ့လာဖတ်ရှုတယ်။ သတိထားပြီး ကြိုတင် ကာကွယ် သွားလာနေထိုင်ခဲ့တယ်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၆ရက်နေ့မှာတော့ အဘိုးက သိသိသာသာ နေမကောင်းချင် သလိုဖြစ်လာပြီး ချောင်းနည်းနည်း ဆိုးလာတယ်။ ရင်ဘတ်တွေအောင့် တင့်တင့် ဖြစ်လာတော့ မြို့ပြည်သူ့ဆေးရုံက ဆရာဝန်နဲ့ သွားပြတာ။ စစ်ဆေးလိုက်တော့ Positive ဖြစ်နေ တယ်။ အဘိုးက အောက်ဆီဂျင်ကတော့လုံး၀မကျဘူး။ အဲဒါနဲ့ Quarantine Centre မှာ(၁၄) ရက်ကြာနေထိုင်ရတယ်။ ဆရာဝန်က အဘိုးကို ပက်လက်အနေအထား ဖြင့်အိပ်ခိုင်းတယ်။ သောက်ဆေးတွေ ကတော့ ပထမရက်နှင့် ဒုတိယရက်တွေမှာ(၈)လုံး သောက်ရတယ်။ ကျန်တဲ့ရက် တွေမှာတော့ နေ့စဉ်(၄)လုံးပုံမှန်သောက်ခိုင်းတယ်။ အစားအသောက်တွေကိုလည်း ပုံမှန်ထက် များများစားပေးတယ်။ အားဆေးတွေလည်းသောက်ရတယ်။ ကိုယ့်ကိုယ်ကိုအား တင်ထားပြီး ရောဂါ ပျောက်ကင်း သက်သာလာအောင် နေ့စဉ်ဂရုစိုက်နေထိုင်ခဲ့တယ်။ နောက်ပြီး အဘိုးက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နှစ်ကြိမ်စလုံး ထိုးထားပြီးသားဖြစ်တယ်။အဲဒါကြောင့် အဘိုးအသက် အရွယ်နဲ့ ကျန်းမာရေးချို့ယွင်းမှုမရှိဘဲ ပြန်လည်ကောင်းမွန်လာခဲ့ တောပေါ့။” Quarantine Centre ကဆင်းလာပြီး တော့ Home Quarantine အဖြစ်(၇)ရက်နေထိုင်ပြီးမှ ယခုလို ပုံမှန်နေထိုင်ခွင့် ရတာပေါ။ “ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူတွေနဲ့ပတ်သတ်ပြီး အဘိုးပြောချင်တာကတော့ စိတ်ဓာတ် မကျ ကြပါနဲ့။ ကျန်းမာရေး ဌာနက လမ်းညွှန်ချက်တွေအတိုင်းဘဲလိုက်နာနေထိုင်ကြပါ။ အဟာရပြည့်ဝသည့် အစားအစာများကို စားသောက် ပေးပါ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံထားသူများက ကာကွယ်ဆေးကို နှစ်ကြိမ်ပြည့် ပြီးစီးအောင် ထိုးထားကြပါ။ လူစု/လူဝေး ရှောင်ကြဉ်ကြပါ။ အပြင်ထွက်ရင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို အမြဲတပ်ကြပါ။ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်းချက်များကို တိကျစွာလိုက်နာနေထိုင်ပါက ကိုဗစ်-၁၉ရောဂါကို မိမိနှင့်မိမိ မိသားစု အားလုံးကို ကာကွယ်ရန် အကောင်းဆုံးဖြစ်တယ်လို့” ပြောကြားခဲ့ ကြောင်းသိရသည်။
သတင်းပေးပို့သူ-အေးအေးသန်း