ပခုက္ကူ ဩဂုတ် ၁၅
ပခုက္ကူမြို့နယ်၊ ကမ္မမြို့ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းဦးဆောင်(Volunteer)အဖွဲ့အား အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေးအပ်သော အသိအမှတ်ပြုဂုဏ်ပြုလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကမ္မမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကမ္မမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောထူးအောင်က ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ယနေ့အချိန်ထိ အားသွန်ခွန်စိုက် ကူညီဆောင်ရွက်ပေးခဲ့ကြသော စေတနာ့ဝန်ထမ်းဦးဆောင် (Volunteer)အဖွဲ့အား အထူးကျေးဇူးတင်ဂုဏ်ပြုပါကြောင်း အဖွင့် အမှာစကားပြောကြားပြီး ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဇော်က စေတနာ့ဝန်ထမ်းများအဖွဲ့မှ ပါဝင်ဆောင်ရွက်မှုများနှင့် ကြိုတင်ကာကွယ်ရေးလိုအပ်ပါက အချိန်နှင့်တစ်ပြေးညီ ယခုကဲ့သို့ ဆောင်ရွက်လိုကြောင်း ပြောကြားသည်။
ထို့နောက်ကမ္မမြို့ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းဦးဆောင် (Volunteer)တစ်ဦးချင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပေးအပ်သော အသိအမှတ်ပြု ဂုဏ်ပြုလွှာများကို ကမ္မမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောထူးအောင်က ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဇော်(ပြန်ဆက်)