ကော့သောင်း စက်တင်ဘာ ၂၁
MTM ဇုံခွာနာလျှာနာရောဂါအတွက် သွေးရည်ကြည်ရယူခြင်းအား မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကော့သောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြန်မာ၊ ထိုင်း၊ မလေးရှား (MTM) ဇုန်ခွာနာ လျှာနာရောဂါအတွက် သွေးရည် ကြည်ရ ယူခြင်းကို ယနေ့နံနက်က ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ မြန်မာ၊ ထိုင်း၊ မလေးရှား (MTM) ဇုန် ဇုံခွာနာလျှာနာရောဂါအတွက် သွေရည်ကြည်ရယူခြင်းကို ကော့သောင်းမြို့၊ ရွှေပြည်စိုးကျေးရွာ အုပ်စု-၈ မိုင်ကျေးရွာ၊ ချောင်းဝကျေးရွာ၊ ဘန်းကချွန်ကျေးရွာအုပ်စု-၁၄ မိုင်ကျေးရွာ၊ စူငယ်ဘာ လိုင်းကျေးရွာအုပ်စု -ချောင်းဖျား ကြီးကျေးရွာနှင့် ခမောက်ကြီးမြို့ တို့တွင် ဆောင်ရွက်ပေးလျက်ပြီး ကျွဲ၊နွား အကောင် ရေ(၇၅)ကောင်အား မွေးမြူသူ တောင်သူ (၁၅)ဦးထံမှ Radom စနစ်ဖြင့် ကောက်ယူခဲ့ကြောင်းသိရသည်။
အဆိုပါ မြန်မာ၊ ထိုင်း၊ မလေးရှား (MTM) ဇုန် ခွာနာလျှာနာရောဂါအတွက် သွေးရည်ကြည်ရယူခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ထိ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းကိုလည်းသိရသည်။
ကျော်စိုး(ကော့စိုး)