ကော့သောင်း စက်တင်ဘာ ၂၁
ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကုန်ဈေးနှုန်းများတည်ငြိမ်စေရန်အတွက် အများပြည်သူ များအား စားကုန်ဆန်များကို အသက်သာ ဆုံးဈေး နှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဖြန့်ဖြူးရောင်းချမည့်ဆန်များ ကော့သောင်းမြို့သို့ ယမန်နေ့ကရောက်ရှိ လာကြောင်း သိရသည်။
အဆိုပါ ဆန်များအား ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရေးအတွက် သမဝါယမဦးစီးဌာနမှ ကော့သောင်းမြို့နယ်အတွင်းရှိ သမဝါယမအသင်းများ၊ ခရိုင်ဝန်ထမ်းပေါင်းစုံသမဝါယမအသင်း၊ ငွေစုငွေချေးသမဝါယမအသင်းမှ အမှုဆောင်များနှင့် ညှိနှိုင်းဆွေးနွေးပြီး အသင်းဝင်အသင်းသားများ အား သက်သာသောနှုန်းထားများဖြင့် ဖြန့်ဖြူးရောင်းချရန်အတွက် စီစဉ်ထားရှိပြီး မြို့နေပြည်သူများကိုလည်း ရောင်းချပေးနိုင် ရေးအတွက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)