ပန်းတနော်မြို့နယ်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများနှင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ အား ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ပန်းတနော် စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသက်( ၅၅) နှစ်အထက် ပြည်သူများနှင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို အလယ်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်တွင် ယနေ့နံနက် ၉ နာရီက စတင်၍ ထိုးနှံပေးလျက်ရှိသည်။

ပန်းတနော်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး လုံးဝထိုးနှံခြင်း မရှိသေးသည့် အသက်( ၅၅) အထက် ပြည်သူများနှင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ပရဟိတအသင်းများပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ကာကွယ်ဆေးလာရောက် ထိုးနှံသူများကို ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ လာရောက်ဆေးထိုးနှံသူ လူဦးရေနာမည်စာရင်း​ရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။