မြဝတီ စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသည့် မိဘပြည်သူများအား တတိယအကြိမ် ပထမသုတ် ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီခွဲ အချိန်က မြဝတီမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ကျင်း ပပြုသည်။
အစည်းအဝေးတွင် မြဝတီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက် ပျံ့ပွားမှုလျော့နည်းစေရေး အတွက် ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသေးသည့် မိဘပြည်သူများကို ဦးစားပေးအုပ်စုအနေဖြင့် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်၍ တက်ရောက် လာကြသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီဝင်များ နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်း အောင်မြင်စွာ ထိုးနှံပြီးစီးနိုင်ရေးအတွက် လိုအပ် သည်များကို ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက် ပေးကြရန် ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က တတိယအကြိမ်ပထမသုတ် ကာကွယ် ဆေးထိုးနှံရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အသိပညာပေး ပြောကြားခြင်း၊ စည်းရုံးဆောင် ရွက်ခြင်းများ ကြိုတင်စီစဉ် ဆောင်ရွက် ထားကြရန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဌမှ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့သည်။
မြဝတီမြို့နယ်တွင် တတိယအကြိမ်ပထမသုတ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို စက်တင်ဘာလ (၂၂) ရက်နေ့မှ(၂၄)ရက်နေ့အထိ ဆေးထိုးစုရပ်များ၌ ထိုးနှံပေးသွား မည်ဖြစ် ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)