ကရသူရိ စက်တင်ဘာ ၂၀
တနင်္သာရီတိုင်းဒေကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီက မြို့ပြည်သူ့ဆေးရုံး၌ထိုးနှံပေးကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို တိုက်နယ်တာဝန်ခံဆရာဝန် ဒေါက်တာ ကျော်လင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက တရုတ်နိုင်ငံထုတ် Sinpharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း ထို့သို့ထိုးနှံပေးရာတွင် တစ်ကြိမ် တစ်ခါမှ မထိုးနှံထားသူများ၊ ပထမအကြိမ်ထိုးနှံပြီးသူများ၊ သက်ကြီး ရွယ်အိုများနှင့် အသက်မပြည့်သေး သော်လည်း ဦးစားပေး အုပ်စုများတွင် ပါဝင်သူများ အားလုံးကို ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း တာဝန်ခံ ဆရာဝန်ထံမှသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်/စာရေးတို့က ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အေးအေးသန်း