အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေး

အရာတော် စက်တင်ဘာ ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယ​မန်နေ့ နံနက်(၈)နာရီအချိန်မှည​နေ() နာရီအထိ မြို့နယ်ပြည်သူ့​ဆေးရုံ ဆာဆာကာဝါခန်းမ၊ အမှတ်()ရပ်ကွက်ရှိ အ​ခြေခံပညာအထက်တန်း​ကျောင်း၊ အမှတ် ၂ ရပ်ကွက်(အ​ခြေခံပညာမူလတန်းလွန်ကျောင်း)၊ အမှတ် ၃ ရပ်ကွက်(အ​ခြေခံပညာ အလယ် တန်း-ခွဲ)တို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အဖွဲ့​လေးဖွဲ့ခွဲကာ ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

 

အရာတော်မြို့နယ်တွင်  ယခုအကြိမ် ခွဲဝေရရှိသည့်  (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ(၆၀၀)ကို လူဦး​ရေ (၃၀၀၀)အား ထိုးနှံ​ပေးမည်ဖြစ်ကာ ပထမတစ်ကြိမ် ကာကွယ်​​ဆေး ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများအား ဆက်လက်ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ယ​နေ့တွင် သံဃာ​တော်(၁၀)ပါး၊ သီလရှင်()ပါး၊ နိုင်ငံ့ဝန်ထမ်း (၅၀)ဦး၊ အသက်(၆၅)နှစ်အထက် အဘိုးအဘွား (၉၆)ဦး၊ အသက်(၅၅)နှစ်မှ(၆၄)နှစ်အထိပြည်သူ (၁၇၁)ဦး၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း(၂၃)ဦး၊ စက်ရုံ ဝန်ထမ်း()ဦး၊ အသက်(၁၈)နှစ်အထက်ပြည်သူ(၇၆၇)ဦး၊ စုစု​ပေါင်း (၁၁၂၆)ဦး လာ​ရောက်ထိုးနှံခဲ့​ကြကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

 

ယင်းသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်  ရေးနှင့် အရေးပေါ်တုံ့ပြန်​ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်​ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ယ​နေ့အထိ ကာကွယ်​ဆေးထိုးနှံ​ပေးပြီးသူ စုစု​ပေါင်း ၁၃၄၄၃ဦးရှိပြီး ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံ​ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)