ထားဝယ် စက်တင်ဘာ 20
မြန်မာနိုင်ငံ လယ်ယာသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစီမံကိန်းဆိုင်ရာ ဆင့်ပွားအလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသက်စိုးက အဖွင့်အမှာ စကား ပြောကြားပြီး တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးမှူး ဦးဆန်းလင်းဦး က မြန်မာနိုင်ငံ လယ်ယာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြား ကာ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းညီညီလတ်က မြန်မာ့ လယ်ယာသန်းခေါင်စာရင်း စီမံကိန်း အကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် မြိတ်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးဇော်မင်းက CS Pro Application နှင့် ပတ်သက်၍ရှင်းလင်းတင်ပြပြီးတက်ရောက်လာသော တိုင်းဒေသကြီး/ခရိုင်/မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှတာဝန်ရှိသူများက မြန်မာနိုင်ငံလယ်ယာသန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစီမံကိန်းဆိုင်ရာ လုပ်ငန်းများကို အုပ်စုများခွဲ၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဆွေးနွေးရလဒ်မှုများအပေါ် သုံးသပ်တင်ပြခဲ့ကြပြီး တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးဆန်းလင်းဦး လမ်းညွှန်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်(ထားဝယ်)